စာရေးသူ

အားလုံးမြင်နိုင်ရန်
Karen Pimpo

ခယ်ရန်ပင်ပို

အမေရိကန်နိုင်ငံ ချီကာဂိုပြည်နယ်ဒေသအနှံ၌ ကြီးပြင်းခဲ့သူဖြစ်သောကြောင့် ခယ်ရန်ပင်ပိုသည် နယ်ချင်းနီးစပ်သော မီချီဂန်ပြည်နယ် ဂရဲန်ရဲ့ပစ်ဒေသ၌ သူ့အိမ်ကဲ့သို့ပင် အဆင်ပြေပြေ နေသားကျသူဖြစ်သည်။ သူသည် စျေးကွက်နှင့် ဆက်သွယ်ရေးလောကတွင် ငွေကြေးအကျိုးအမြတ် ရှေ့ရှုသော အဖွဲ့အစည်း (သို့) ငွေကြေးအကျိုးအမြတ်အတွက် လုပ်ဆောင်ခြင်းမဟုတ်သော အဖွဲ့အစည်းများအတွက် ၎င်းတို့အဖွဲ့အစည်း၏အကြောင်းကို စိတ်ဝင်စားဖွယ်ပြောပြလျက် အကူအညီပေးသည့် စီမံကိန်းများစီမံခန့်ခွဲမှုလုပ်ငန်းကို လုပ်ကိုင်သူဖြစ်သည်။ ခယ်ရန်သည် Our Daily Bread Ministries ၏လုပ်ငန်းတစ်ခုဖြစ်သည့် YMI (ymi.today) ဌာနအတွက် စာရေးသူနှင့် Grand Rapids Symphony Chorus ၏အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။ သူသည် နံနက်စာကို နှစ်ခါပြန် စားခြင်း၊ တောအုပ်ထဲလမ်းလျှောက်ခြင်း၊ တေးဂီတအသစ်များရှာဖွေခြင်း စသည်တို့သည် သူ၏ ကြီးမားသောဝါသနာဖြစ်သည်။

စာမူ/ အကြောင်းအရာ များ ခယ်ရန်ပင်ပို

တရားမျှတခြင်း၏အရှင်

ရိုင်း (Ryan) သည် ဆယ်ကျော်သက်အရွယ်၌ မိခင်ဖြစ်သူကို ကင်ဆာရောဂါဖြင့် ဆုံးရှုံးခဲ့ရသည်။ သူသည် အိုးမဲ့အိမ်မဲ့ဖြစ်သွားပြီး မကြာမီပင် ကျောင်းထွက်လိုက်ရသည်။ သူသည် မျှော်လင့်ချက်မဲ့လျက် ရံဖန်ရံခါ ဆာလောင်မွတ်သိပ်ခဲ့သည်။ နှစ်ပေါင်းများစွာ ကြာပြီးနောက် ရိုင်း သည် အမြတ်အစွန်းမယူသောအဖွဲ့အစည်းကို တည်ထောင်ခဲ့ပြီး အခြားသူများ၊ အထူးသဖြင့် ကလေးငယ်များကို စိုက်တတ်ပျိုးတတ်၊ ရိတ်သိမ်းတတ်အောင်နှင့် မိမိတို့၏ကိုယ်ပိုင်ခြံထွက် အစားအသောက်များကို ပြင်ဆင်ချက်ပြုတ်တတ်အောင် လုပ်ဆောင်နိုင်စွမ်းကို မြှင့်တင်ပေးခဲ့သည်။ ထိုအဖွဲ့အစည်းတည်ထောင်ရခြင်း၏ရည်ရွယ်ချက်မှာ မည်သူတစ်ဦးတစ်ယောက်မျှ ငတ်မွတ်ခြင်း မခံစားရစေရန်နှင့် တစ်စုံတစ်ရာရှိသူများက မရှိသူများကို ဂရုစိုက်ပေးရန်ဖြစ်သည်။အခြားသူများအပေါ် ရိုင်း၏စိုးရိမ်ပေးမှုက တရားမျှတမှုနှင့် သနားကရုဏာကို လိုလားသော ဘုရား သခင်၏နှလုံးသားကို ထင်ဟပ်ပြနေသည်။

ကျွန်ုပ်တို့ ကြုံနေရသည့် နာကျင်မှုနှင့်ဆင်းရဲဒုက္ခတို့ကို ဘုရားသခင်အမှန်ပင်ဂရုပြုသည်။ ဣသရေသလူတို့၌ ဆိုးရွားသောမတရားမှုကို ဘုရားသခင်မြင်ရသည့်အခါ ပရောဖက်အာမုတ်ကိုစေလွှတ်ကာ သူတို့၏သူတော်ယောင်ဖြစ်မှုကို အလေးပေး သွန်သင်စေခဲ့သည်။ အဲဂုတ္တု၏ဖိနှိပ်မှုအောက်မှ ဘုရားသခင် ကယ်တင်ခဲ့သော လူမျိုးများသည်…

မမြင်ရသောရှင်ဘုရင်

‘Pilgrim’ (ဘုရားဖူးခရီးသည်)သည် သခင်ယေရှုအား ယုံကြည်သူတစ်ဦး၏ ဘဝအကြောင်းကို တင်စားဖော်ကျူးထားသည့် ‘The Pilgrim’s Progress’ (ဘုရားဖူးတစ်ဦး၏ခရီးပေါက်ရောက်မှု) ရူပက အလင်္ကာတွဲပေါ်၌ အခြေပြုထားသည့် တေးဂီတပြဇာတ်ဖြစ်သည်။ ထိုဇာတ်လမ်း၌ ဝိညာဥ်လောက၏ မမြင်ရသော အင်အားစုများအားလုံးကို ပရိသတ်များ မြင်နိုင်အောင် ပြုလုပ်ထားသည်။ ဘုရားသခင်ကို ကိုယ်စားပြုသည့် ရှင်ဘုရင်ဇာတ်ကောင်ကို ဇာတ်စင်ပေါ်၌ ပွဲချိန်တစ်လျှောက်လုံး နီးပါးတွေ့မြင်ရသည်။ သူသည် အဖြူရောင်ဝတ်ရုံကို ဝတ်ဆင်ထားပြီး ရန်သူများ၏ တိုက်ခိုက်မှုကို သတိရှိရှိ ကာကွယ်လျက်၊ နာကျင်နေသူများအား နူးညံ့စွာ ဖေးမ ပွေ့ပိုက်လျက်၊ အချို့သူများကို ကောင်းရာပြုလုပ်ရန် တိုက်တွန်းအားပေးသည်။ ရှင်ဘုရင်ဇာတ်ကောင်သည် မရှိမဖြစ်အရေးပါသော အခန်းကဏ္ဍအဖြစ်ပါဝင်သော်လည်း အဓိက လူသားဇာတ်ကောင်များမှာ ရှင်ဘုရင်အား ရုပ်ခန္ဓာနှင့်မမြင်ရဘဲ သူ၏လုပ်ဆောင်ချက် အကျိုးသက်ရောက်မှုများကိုသာ မြင်ကြရသည်။

ဘုရားသခင်ကို ရုပ်နာမ်ဖြင့် ကျွန်မတို့မမြင်ရသည့်တိုင်အောင် စစ်မှန်သောရှင်ဘုရင်သည် ကျွန်မတို့၏အသက်တာ၌ ရှင်သန်လှုပ်ရှားရှိနေသကဲ့သို့ ကျွန်မတို့အသက်ရှင်ပါသလား။ လိုအပ်ချိန်၌ ပရောဖက်ဒံယေလသည်…

ကောင်းသောအကျင့်၌ ကြွယ်ဝပြည့်စုံခြင်း

အ၀တ်လျှော်ဖွပ်ခြင်း၊ အခြောက်ခံခြင်း၊ မီးပူတိုက်ခြင်းတို့ကို နှစ် ၇၀ ကြာ ပင်ပန်းစွာလုပ်ခဲ့ရသော ခဝါသည်အမျိုးသမီး အော်စူးလား မကာသီ (Oseola McCarty) သည် နောက်ဆုံး အသက် ၈၆ နှစ်တွင် ထိုအလုပ်မှ အနားယူရန် အဆင်သင့်ဖြစ်နေပါပြီ။ သူမသည် ထိုနှစ်များတစ်လျှောက်လုံး သူမ၏ အနည်းငယ်သော ၀င်ငွေကို သေချာစွာ စုဆောင်းခဲ့ပြီး၊ ငွေကြေးခက်ခဲသော ကျောင်းသားများအတွက် ပညာသင် ရန်ပုံငွေတစ်ခုဖန်တီးရန် အနီးနားရှိတက္ကသိုလ်သို့ ဒေါ်လာ ၁၅၀,၀၀၀ လှူဒါန်းခဲ့၍ သူမ၏ရပ်ကွက်အသိုင်းအဝိုင်းမှ အံ့အားသင့်ခဲ့ရသည်။ သူမ၏ကိုယ်ကျိုးမဖက်သောလုပ်ရပ်ကြောင့် လှုံ့ဆော်မှုဖြစ်ပြီး ရာနှင့်ချီသော လူများက ဝိုင်းဝန်းပူးပေါင်း လှူဒါန်းခဲ့၍ သူမ၏လှူဒါန်းငွေမှာ သုံးဆများသွားသည်။

ချမ်းသာကြွယ်ဝမှု၏ တန်ဖိုးအမှန်မှာ ငွေကြေးကို မိမိ၏ကိုယ်ကျိုးအတွက် မဟုတ်ဘဲ အခြားသူများ ကောင်းချီးဖြစ်ရန် အသုံးပြုခြင်းဖြစ်ကြောင်း အော်စူးလားသိနားလည်သည်။ ဤပစ္စုပ္ပန်လောက၌ ချမ်းသာကြွယ်ဝသူတို့ကို “ကောင်းသောအကျင့်နှင့် ကြွယ်ဝ”စေရေးနှိုးဆော်ရန် တိမောသေကို တမန်တော်ပေါလုတိုက်တွန်း…

ဆုတောင်းခြင်းက အရေးပါသည်

“မကြာမီမှာ ဦးနှောက်စကင်န် ဓာတ်မှန်ရိုက်ဖို့”၊ “ကျွန်ုပ်ရဲ့ကလေးတွေ ဘုရားကျောင်း ပြန်ရောက်လာဖို့”၊ “ဇနီးသည်ကို ဆုံးရှုံးခဲ့ရတဲ့ Dave (ဒေ့ဗ်) နှစ်သိမ့်မှုရဖို့” ဆုတောင်းပေးပါ။ ကျွန်မတို့၏ ဆုတောင်းအဖွဲ့သည် ဤကဲ့သို့ ဆုတောင်းရန် တောင်းဆိုလွှာများကို အပတ်စဉ်လက်ခံရရှိ၍ ဆုတောင်းပေးပြီး ကျွန်မတို့က လူတစ်ဦးချင်းစီထံသို့ ကိုယ်တိုင်စာရေးပြီး ပြန်ပို့ပေးသည်။ တောင်းဆိုလွှာများသည် အလွန်များလွန်း၍ ကျွန်မတို့၏ အားထုတ်ကြိုးစားမှုများက သေးငယ်၍ လူများ သတိမပြုမိဟု ခံစားရသည်။ မကြာသေးမီက ဇနီးသည် ဆုံးရှုံးခဲ့ရသည့် ပူဆွေးကျန်ရစ်သူ ဒေ့ဗ်ထံမှ သူ့ဇနီး၏နာရေးဖိတ်စာနှင့်အတူ သူ့နှလုံးသားထဲမှ လှိုက်လှဲစွာနှင့် ရေးထားသော ကျေးဇူးတင်စာကိုလက်ခံရရှိပြီးနောက် ထိုသို့ခံစားရခြင်းက ပြောင်းလဲသွားသည်။ ဆုတောင်းခြင်းသည် အရေးပါကြောင်း ကျွန်မ အသစ်တဖန် ပြန်လည်သဘောပေါက်ခဲ့ရသည်။

ကျွန်မတို့အား စိတ်ထက်သန်စွာ၊ မျှော်လင့်ခြင်းပြည့်သော ယုံကြည်ခြင်းဖြင့်  မကြာခဏ ဆုတောင်းသင့်ကြောင်း သခင်ယေရှု စံနမူနာပြခဲ့သည်။ လောက၌ သခင်နေရသောအချိန်သည် အကန့်အသတ်ရှိငြားလည်း သခင်သည် သူ့၏ အားလပ်ချိန်များတွင်…

ခရစ်တော်၌ရှိသော လူ့အသိုက်အမြုံ

“အောင်နိုင်ဖို့အတွက်နည်းလမ်းကတော့ အိမ်ရော မိန်းမရော သားနဲ့သမီးရော အားလုံးကို မေ့ပစ်လိုက်ဖို့ပဲဆိုတာ ကျွန်တော်သိတယ်။ အဲဒါကို ငါမလုပ်နိုင်ဘူး။ သူတို့က ကျွန်တော့်စိတ်ဝိညာဥ်နဲ့ နှလုံးအိမ်ထဲမှာ ချည်နှောင်ဖွဲ့နေတယ်” ဟု Jordon (ဂျော်ဒန်)က ဆိုသည်။ လူသူကင်းမဲ့သည့်နေရာတစ်ခုတွင် ပြိုင်ပွဲဝင်များက အထောက်အပံ့ပစ္စည်း အနည်းအကျဥ်းနှင့် တစ်ဦးတည်း အကြာဆုံးနေနိုင်သမျှနေထိုင်ရသည့် လက်တွေ့ပြိုင်ပွဲတစ်ခုကို ဂျော်ဒန် ဝင်ပြိုင်ခဲ့သည်။ မွဲပြာပြာဝက်ဝံများ၊ ‌ရေခဲသည့် အအေးဒဏ်၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဆာလောင်ခြင်းကြောင့် မဟုတ်ဘဲ၊ အထီးကျန်မှုကို မတရားခံစားရလျက် မိသားစုနှင့် အတူရှိနေလိုသည့် သူ့ဆန္ဒကြောင့် ပြိုင်ပွဲမှ သူနှုတ်ထွက်ခဲ့သည်။

ထိုသို့ လူသူမဲ့တောတောင်ထဲ အသက်ဆက်နိုင်သည့် စွမ်းရည်များ ကျွန်ုပ်တို့၌ ရှိနိုင်ကောင်းသော်လည်း လူ့အသိုက်အမြုံနှင့် မိမိကိုယ်ကို ဖယ်ခွာခြင်းက   ကျရှုံးရန်  သေချာစေပါသည်။ “လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ ကောင်း၏။ ... တစ်ယောက်လဲလျှင် တစ်ယောက် ထူလိမ့်မည်” (ဒေ ၄:၉-၁၀)ဟု ဒေသနာဆရာပညာရှိက မိန့်ဆိုခဲ့သည်။ ရှုပ်ထွေးမှုများရှိနေသည့်တိုင်…

ခရစ်တော်ကို ယူတင်ဝတ်ဆင်ခြင်း

ကျွန်မ၏မျက်မှန်အသစ်ကို ပထမဆုံးအကြိမ် တပ်ရန် အလွန်စိတ်လှုပ်ရှားမိသော်လည်း နာရီအနည်းငယ်အကြာမှာပင် လွှင့်ပစ်လိုက်ချင်မိသည်။ ပါဝါအသစ်နှင့် အသားကျအောင် ချိန်ညှိရမှုကြောင့် မျက်လုံးများ နာကျင်ကာ ခေါင်းထဲတွင် တဒုတ်ဒုတ်ဖြစ်နေသည်။ နေသားမကျသော မျက်မှန်ကိုင်းများကြောင့် နားများ နာလာသည်။ နောက်နေ့တွင်မျက်မှန်တပ်ရဦးမည်ဟု သတိရသောအခါ ကျွန်မညည်းမိသည်။ ခန္ဓာကိုယ်နှင့် အသားကျရန် နေ့တိုင်း မျက်မှန်တပ်ရန် အကြိမ်ကြိမ် ရွေးချယ်ခဲ့ရသည်။ ရက်သတ္တပတ်အတော်ကြာသွားပြီး နောက်ပိုင်းတွင် တပ်လို့တပ်ထားမှန်းမသိ ဖြစ်သွားသည်။

အသစ်တစ်ခုခုကို တပ်ဆင်ဝတ်ဆင်ခြင်းအတွက် ချိန်ညှိမှု လိုအပ်သော်လည်း အချိန်ကြာလာသည်နှင့်အမျှ တဖြည်းဖြည်း အသားကျလာပြီး ကျွန်ုပ်တို့ ပိုမိုအဆင်ပြေလာသည်။ အရင်က မမြင်သောအရာများကိုပင် မြင်လာနိုင်သည်။ ရောမသြဝါဒစာ ၁၃ တွင် တမန်တော်ပေါလုက ခရစ်တော်၏နောက်တော်လိုက်များအား “အလင်း၏လက်နက်စုံကို ဝတ်ဆင်ရန်” (:၁၂) နှင့် မှန်ကန်သောအသက်တာကျင့်သုံးရန် ညွှန်ကြားခဲ့သည်။ သူတို့သည် သခင်ယေရှုကို ယုံကြည်ပြီးသားဖြစ်သော်လည်း၊ သူတို့သည် “အိပ်မောကျ” သွားပြီး ထိုအရာ၌အသားကျသွားပုံရသည်။ သူတို့သည်…

ချစ်ခြင်းမေတ္တာကို အရင်းခံ၍

ဂျင်းမ် (Jim) နှင့် လနီးဒါ (Laneeda) တို့သည် ကောလိပ်ကတည်းက မေတ္တာမျှခဲ့ကြသည်။ သူတို့လက်ထပ်ခဲ့ကြပြီး နှစ်များစွာကြာအောင် ဘဝက ပျော်စရာကောင်းနေခဲ့သည်။ ထို့နောက် လနီးဒါ သည် ထူးထူးဆန်းဆန်းပြုမူလာခဲ့သည်။ လမ်းပျောက်တတ်လာပြီး ချိန်းဆိုထားသည့်ကိစ္စများကို မေ့တတ်လာသည်။ အသက် (၄၇) နှစ်တွင် သူမထံ၌ စောစောဖြစ်သော အယ်လ်ဇိုင်းမား မှတ်ဉာဏ်ချွတ်ယွင်းခြင်းရောဂါကို တွေ့ခဲ့သည်။ သူမကို အဓိကဂရုစိုက်ပေးသူအဖြစ် ဆယ်နှစ်ကြာမျှ ပြုစုပေးခဲ့ပြီးနောက် ဂျင်းမ်သည် “ဟုတ်ကဲ့၊ ကျွန်တော် ဝန်ခံပါ၏ ဟု ပြောခဲ့တုံးက တွေးကြည့်၍ပင်မရနိုင်သည့် အခြေအနေများဖြင့်ကျွန်တော့်ဇနီးကို ချစ်ပြီး ပြုစုနိုင်တဲ့အခွင့်အရေးကို အယ်လ်ဇိုင်းမားရောဂါက ကျွန်တော့်ကို ပေးခဲ့တယ်” ဟု ပြောလာနိုင်ခဲ့သည်။

သန့်ရှင်းသောဝိညာဉ်တော်၏ အကျိုးများနှင့်စပ်လျဥ်း၍ ရှင်းပြရင်း တမန်တော်ရှင်ပေါလုသည် မေတ္တာ၏ကောင်းကျိုးပါရမီအကြောင်းကို အကျယ်တဝင့် ရေးသားလျက် (၁ ကော ၁၃)၊ ကျင့်သားကျနေသည့် အစေခံခြင်းတို့ကို ချစ်သောစိတ်မှယိုဖိတ်လာသည့် အစေခံခြင်းတို့နှင့် နှိုင်းယှဉ်ခွဲခြားပြပါသည်။ တန်ခိုးဩဇာနှင့် စကားပြောခြင်းသည်…

ကျွန်ုပ်တို့၏ဘုရင် သခင်ယေရှု

ကမ္ဘာ‌ပေါ်တွင် အပူဆုံးနှင့် အခြောက်သွေ့ဆုံး နိုင်ငံများအနက် တစ်နိုင်ငံတွင် ရေနံတူးနေစဥ် ကြီးမားသော မြေအောက်ရေစီးဆင်းမှုစနစ်ကို ‌တွေ့ရှိခဲ့ခြင်းကြောင့်  အံ့ဩထိတ်လန့်ခဲ့ကြသည်။ ထို့ကြောင့် ၁၉၈၃ တွင် အဆင့်မြင့် သန့်ရှင်းလတ်ဆတ်သောရေကို အသည်းအသန်လိုအပ်နေသော မြို့များဆီသို့ ရေပိုက်များဖြင့်ရေကို သယ်ယူပို့ဆောင်သော “great man-made river“ (ကြီးမားသော လူလုပ်သည့်မြစ်) စီမံကိန်းကို စတင်ခဲ့သည်။ ထိုစီမံကိန်းအစပြုခဲ့သော နေရာတွင် “ဤနေရာမှ အသက်သွေးကြောစီးဆင်းသည်”ဟု ကဗျည်းကျောက်စာ၌ ရေးထိုးထားသည်။

ပရောဖက်‌ဟေရှာယသည် အနာဂတ်တွင် ပေါ်ထွန်းမည့်ဖြောင့်မတ်သောရှင်ဘုရင်ကို ခြောက်သွေ့ကန္တာရ‌မြေမှ စီးထွက်သောရေအဖြစ် ပုံဖော်ထားသည် (ဟေရှာ ၃၂)။ “မင်းသားမှူးမတ်တို့သည် တရားသဖြင့် စီရင်ကြလိမ့်မည်။ ထိုမင်းတို့သည် ... သွေ့ခြောက်သောမြေ၌ စီးသောချောင်းကဲ့သို့လည်းကောင်း၊ နေပူသောအရပ်၌ ကျောက်လုံးကြီးအရိပ်ကဲ့သို့လည်းကောင်းဖြစ်ကြလိမ့်မည်” (:၂)။ သို့သော်လည်း အချို့သော အုပ်ချုပ်သူများမှာ ပေးကမ်းမည့်အစား ရယူကြသည်။ သို့သော် ဘုရားသခင်ကို လေးစားဦးထိပ်ထားသော ခေါင်းဆောင်တစ်ဦးသည် အရိပ်အာဝါသ၊ ခိုလှုံရာ၊…

ဖြောင့်မတ်မှန်ကန်သောမြို့

၂၀၀၀ ခုနှစ် နှစ်သစ်ကူးအကြိုနေ့တွင် အမေရိကန်နိုင်ငံ၊ ဒီထရွိုက်မြို့တော်ရှိ အာဏာပိုင်တို့သည် နှစ် (၁၀၀) သက်တမ်းရှိပစ္စည်းများ ထည့်မြှုပ်ထားသည့်‌ သေတ္တာကို ဖွင့်ခဲ့ကြသည်။ ကြေးနီသေတ္တာအတွင်း၌ သာယာဝပြောကြွယ်ဝမှုနှင့် စပ်လျဥ်းသည့်အမြင်ကို ဖော်ပြသော မြို့ခေါင်းဆောင်အချို့တို့၏ မျှော်လင့်ချက်အပြည့်နှင့် ခန့်မှန်းချက်တို့ ပါရှိသည်။ သို့သော် မြို့တော်ဝန်၏သတင်းစကားမှာမူ ကွဲပြားသည်။ သူက “အခြားအရာတွေထက် နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးနှင့် မြို့တစ်မြို့အနေနှင့် ဖြောင့်မတ်မှန်ကန်စွာ တိုးတက်ရှင်သန်လာခဲ့ပြီး၊ ဒီတရားမျှတဖြောင့်မတ်ခြင်းဟာ နိုင်ငံရဲ့အဆင့်အတန်းဂုဏ်သိက္ခာကို ချီးမြှင့်မြှောက်စားတယ်ဆိုတာ အားလုံးနားလည်သဘောပေါက်ခြင်းဆိုတဲ့ သာလွန်မြင့်မြတ်တဲ့ မျှော်လင့်ချက်ကို ဖော်ပြခွင့်ရရှိကြပါစေ” ဟုပြောခဲ့သည်။

အောင်မြင်ခြင်း၊ ပျော်ရွှင်ခြင်း၊ ငြိမ်းချမ်းခြင်းထက် အနာဂတ်နိုင်ငံကြီးသားများသည် တရားမျှတပြီး ဖြောင့်မတ်ခြင်း၌ တိုးတက်ရှင်သန်စေရန် မြို့တော်ဝန်က ဆန္ဒပြုခဲ့သည်။ သခင်ယေရှုက “ဖြောင့်မတ်ခြင်းပါရမီကို ဆာငတ်ခင်မွတ်သော သူတို့သည် မင်္ဂလာရှိကြ၏” (မ ၅:၆) ဆိုသောအချက်ကို သူကောက်နုတ်ခဲ့ခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သို့သော်လည်း ဘုရားသခင်၏ပြီးပြည့်စုံသောစံနှုန်းကို တွေးမိသောအခါ…

သခင်ယေရှု၏ နောက်ဆုံးအောင်နိုင်ခြင်း

ဒုတိယကမ္ဘာစစ်အတွင်း ဥရောပတစ်လွှားရှိ စစ်တပ်စခန်းအချို့တွင် အိမ်ကို လွမ်းသော စစ်သားများအတွက် သာမန်မဟုတ်သော ထောက်ပံ့မှုကို ပြုခဲ့ကြသည်။ ၎င်းမှာ လေယာဥ်ပေါ်မှ စခန်းရှိရာသို့ စန္ဒရားများကို ဒေါင်လိုက်ချပေးခြင်းဖြစ်သည်။ ထိုစန္ဒရားများကို သာမန်သတ္ထုပမာဏ၏ ဆယ်ရာခိုင်နှုန်းခန့်သာသုံးပြီး ရေလုံကော်များနှင့် အင်းဆက်ပိုးမွှားများ မကိုက်မစားအောင် အထူးပြုလုပ်ထားသည်။ စန္ဒရားများသည် ရိုးရှင်းသည့်အကြမ်းထည်များဖြစ်သော်လည်း မိမိတို့နှင့် ရင်းနှီးကျွမ်းဝင်သော သီချင်းများကို သီဆိုရန် စုရုံးလာကြသော စစ်သားများအတွက် စိတ်ဝိညာဥ်ကို မြှင့်တင်ပေးသော ဖျော်ဖြေမှုကို နာရီပေါင်းများစွာ ပေးစွမ်းသည်။

သီချင်းဆိုခြင်း၊ အထူးသဖြင့် ဂုဏ်တော်တေးသီချင်းများ ချီးမွမ်းသီဆိုခြင်းသည် တိုက်ပွဲတွင် သခင်ယေ‌ရှုကိုယုံကြည်သူများ ငြိမ်သက်ခြင်းကို ရရှိနိုင်သော နည်းလမ်းများမှ တစ်နည်းဖြစ်သည်။ ကြီးမားသော ကျူးကျော်တပ်များနှင့် ရင်ဆိုင်ရသောအခါ ဤအချက်သည် မှန်ကန်ကြောင်း ယောရှဖတ်မင်း တွေ့ကြုံသိရှိခဲ့သည် (၆ ရာ ၂၀)။ ကြောက်ရွံ့တုန်လှုပ်နေသော ရှင်ဘုရင်သည် လူအပေါင်းကို စုဝေးစေကာ ဆုတောင်းရန်နှင့် အစာရှောင်ရန်…